Jotun မှ နောက်ဆုံးထွက်ရှိထားသော အရောင်ချပ်

Soulful Spaces

သင်၏ကိုယ်ပိုင်စရိုက်နှင့် စိတ်အားထက်သန်မှုများအား ထင်ဟပ်စေမည့် အရောင်များဖြင့် သင့်ပတ်ဝန်းကျင်တွင် ဝန်းရံထားလိုက်ပါ။ သင့်ကိုယ်စိတ်ဝိဉာဥ် ငြိမ်းချမ်းမှုနှင့် အားအင်များဖြစ်ပေါ်စေသောနေရာဖြစ်သည့် အိမ်လေးအား သင့်စိတ်တိုင်းကျ အရောင်များဖြင့် ပုံဖော်လိုက်ပါ။

အိပ်မက်ထဲမှ အိမ်လေးအား ဖန်တီးလိုက်ပါ


အရောင်များသည် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များလွမ်းမိုးနိုင်စွမ်းရှိကြပြီး  စိတ်အားတက်ကြွမှု၊ အေးချမ်းမှု၊ လုံခြုံမှု၊ အားအင်ပြည့်ဝစေမှု နှင့် ဖန်တီးနိုင်စွမ်းရှိမှု စသည့်စိတ်ခံစားချက်များအား ပေးစွမ်းပါသည်။ Jotun ၏ ၂၀၂၆ အရောင်ချပ်အသစ် Soulful Space သည် သင့်အိမ်လေးအား သင့်ကိုယ်ပိုင်စတိုင် နှင့် အလိုက်ဖက်ဆုံးဖြစ်စေမည့် အရောင်များဖြင့် ဖန်တီးပုံဖော်ရန် ကူညီပေးပါလိမ့်မည်။

 

လှပသည့်အရောင် ၂၄ ဖြင့်ဖွဲ့စည်းထားသော Jotun မှ နောက်ဆုံးထွက် အရောင်ချပ်အသစ် Soulful Spaces သည် စိတ်အားထက်သန်တက်ကြွမှုနှင့် သက်တောင့်သက်သာဖြစ်စေမှု နှစ်မျိုးလုံးအတွက် ရည်ရွယ်ကာ သေချာစွာဖန်တီထားသည်။ အရောင်များနှင့် နေ့စဥ်နေထိုင်မှု ဘဝပုံစံများအား ချောမွေ့စွာ ရောယှက်ကူးပေါင်းခြင်းဖြစ်ပါသည်။

 

အရောင်ချပ်ကို Passage of Time ၊ Art of Stillness နှင့် Joyful living ဆိုသည့် ထူးခြားသော Theme သုံးမျိုးဖြင့် ဂရုတစိုက်သေချာစွာ စုစည်းထားပြီး သင့်လိုချင်သော အသွင်အပြင်အား သင်၏ မီးဖိုခန်း၊ အိပ်ခန်း၊ ဧည့်ခန်းနှင့် အခြား အိမ်နေရာများအား အရောင်များဖြင့် ဖြည့်ဆည်းလိုက်ပါ။

သင်ရဲ့ ဖန်တီးနိုင်စွမ်းကိုဖော်ထုတ်လိုက်ပါ။

ကျွန်ုပ်တို့ ဘေးနားမှာရှိနေသော အရောင်များသည် မိမိတို့၏ ခံစားချက်နှင့် ဖြစ်တည်မှုများကို ထင်ဟပ်နေပါသည်။ ကျွန်ုပ်တို့အိမ်အတွက် အရောင်များရွေးခြယ်ခြင်းတွင် ချွင်းချက်မရှိသော်လည်း ပြီးပြည့်စုံသည့် အရောင်များကို ရှာဖွေရခြင်းမှာ ခက်ခဲသည့်အလုပ်ဖြစ်ပါသည်။ သို့သော် Jotun ၏ စိတ်ဝင်စားဖွယ်ကောင်းသော များပြားလှသည့်အရောင်များကြောင့် ရွေးချယ်မှုအတွက် စိုးရိမ်စရာမလိုပါ။

 

Jotun မှ ၂၀၂၆ အရောင်ချပ်ဖြစ်သည့် Soulful Spaces ဖြင့် သင့်အိမ်လေးအတွက် အရောင်ရွေးနည်း၊ အရောင်ပေါင်းစပ်နည်းများအား လမ်းညွှန်ပြသပေးသွားပါမည်။ ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များနှင့်အတူ လိုက်ပါ၍ စိတ်ဝင်စားဖွယ်၊ ပျော်ရွင်ဖွယ်အရောင်များအား ရွေးချယ်ကာ ဖန်တီးမှုအပြည့်ဖြင့် သင့်အိမ်လေးအတွက် အရောင်များရှာဖွေလိုက်ပါ။

 

ယခင်နှစ်က ထွက်ရှိခဲ့သောအရောင်ချပ်ကို ရှာနေပါသလား? Naunces အရောင်ချပ်က ဒီမှာပါ။

Soulful Spaces မှ အရောင် Themes များ

Soulful Spaces 2026

ယုံကြည်မှုရှိစွာ သင့်အိမ်အား အရောင်ခြယ်လိုက်ပါ

သင့်အိမ်အတွက် အရောင်များရွေးချယ်ခြင်းအား ကြောက်လန့်နေစရာမလိုဘဲ အနုပညာဆန်သော တီထွင်ဖန်တီးမူများနှင့် ပျော်ရွှင်ဖွယ်အတိ ဖြစ်ပါသည်။ စိတ်နှလုံးထဲမှလာသော ခံစားချက်များနှင့် ဘဝဇာတ်လမ်း၊ နေထိုင်မှုပုံစံများအား တမူထူးခြားစွာ ပုံဖော်နိုင်စေရန်၊ ယုံကြည်မှုရှိစွာဖြင့် ကိုယ်ပိုင်အရောင်ရွေးချယ်နိုင်ရန် အတွက် ယခုနှစ်အသစ်ထွက်သော အရောင်ချပ်ဖြင့်သိကောင်းစရာများအား လမ်းညွှန်ပေးမည်ဖြစ်ပါသည်။

ယုံကြည်မှုရှိစွာ သင့်အိမ်အား အရောင်ခြယ်လိုက်ပါ

စိတ်ကူးဖွယ်နေထိုင်မှုဆိုင်ရာ ဘလော့ဂ်မှ သတင်းအသစ်များ

အရည်အသွေးမြှင့်ဆေးများ၏ အလှတရား

သင့်အခန်းများအား နှိုင်းယှဥ်စရာမလိုသည့် ဆေးသားနှင့်အတူ ကျက်သရေရှိသော အလှတရားဖြင့် ပြောင်းလဲပေးစေနိုင်မည့် Jotun ၏ အဆင့်မြင့် အတွင်းပိုင်းဆေးများအား ရှာဖွေလိုက်ပါ။ ကျွန်ုပ်တို့၏ဆေးများသည် Jotun ရွေးချယ်ထုတ်လုပ်ထားသော အရောင်များဖြင့် သင့်အိမ်အား အချိန်ကြာမြင့်စွာ အထက်တန်းဆန်မှုနှင့် အလှတရား ကို ပေးစွမ်းနေပါသည်။

 

Majestic True Beauty Matt — အထက်တန်းအဆန်ဆုံးဆေးသားချောမွေ့မှုဖြင့် ကျွန်တော်တို့၏ အလှပဆုံးဆေး အရည်အသွေးမြင့် matt အမှိန်ဆေးသားဖြင့် ကျက်သရေရှိပြီး ခမ်းနားသော နေထိုင်ရာဝန်းကျင်ကို ဖန်တီးပေးပါသည်။ အလင်းမပြန်သော ဆေးသားမျက်နှာပြင်သည် အထက်တန်းဆန်မှုကို အတိပေးစွမ်းပြီး သင့်အိမ်အတွင်းပိုင်းနေရာများအား အဆင့်အတန်းမြှင့်တင်ပေးပါလိမ့်မည်။

တုပဖန်တီးရန်

သင့်ကိုယ်ပိုင်စိတ်ဝိဉာဥ်နှင့် လိုက်ဖက်ညီမှုကို ဖန်တီးရန်

အတွင်းပိုင်းအရောင်အားလုံးအား ကြည့်ပါ။

အတွင်းပိုင်းအရောင်အားလုံးအား ကြည့်ပါ။

တိကျသောအရောင်ကိုရှာဖွေနေပါသလား။ ကျွန်ုပ်တို့၏အတွင်းပိုင်းအရောင်အားလုံး၏ အပြည့်အစုံကို ဤနေရာတွင် ရယူပါ။

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you