Majestic True Beauty Matt
လှပပြီး ကြာရှည်ခံတဲ့ အသွင်အပြင်အတွက်ပါ။

SOULFUL SPACES မှ ဂရုတစိုက် ရွေးချယ်ထားသော အရောင်များ

26 Aug 2026
ဖတ်ရန်ကြာချိန် ၅ မိနစ်
ပွဲတော်ရာသီဆိုသည်မှာ အရောင်များဖြင့်သာ မဟုတ်ဘဲ လူများ အတူတကွ ဆုံစည်းကြသည့် နေရာများအကြောင်းလည်း ဖြစ်ပါသည်။ နွေးထွေးပြီး လှပသော အိမ်တစ်လုံးသည် အိမ်ထဲတွင် ဖြစ်ပေါ်လာမည့် အခိုက်အတန့်များအားလုံးအတွက် ခံစားချက်ကို ပုံဖော်ပေးနိုင်ပါသည်။ အတူတကွ စားသောက်သည့် အချိန်များ၊ ရယ်မောပျော်ရွှင်သည့် အခိုက်အတန့်များနှင့် တိတ်ဆိတ်အေးချမ်းစွာ ဖြတ်သန်းသည့် အချိန်များကို ပိုမိုအဓိပ္ပာယ်ပြည့်ဝစေပါသည်။
အရောင်များသည် လူအများ ထင်ထားသည်ထက် ပိုမိုအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သင့်တော်သော အရောင်ရွေးချယ်မှုသည် အခန်းတစ်ခန်း၏ ခံစားချက်ကို မတည်ငြိမ်မှုမှ တည်ငြိမ်အေးချမ်းမှုသို့၊ ပုံမှန်နေရာတစ်ခုမှ အမှန်တကယ် ကြိုဆိုမှုအပြည့်ရှိသော နေရာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။ ဤနေရာတွင် Jotun Southeast Asia ၏ Colour Manager ဖြစ်သူ Natrah က အမြင်အာရုံအရ လှပရုံသာမက နေထိုင်ရသည်မှာလည်း သက်တောင့်သက်သာရှိသော အိမ်များအတွက် Jotun ၏ ၂၀၂၆ Global Colour Collection ဖြစ်သည့် Soulful Spaces မှ ပွဲတော်ရာသီအတွက် သူမ၏ အိမ်အတွင်းပိုင်း အရောင်စိတ်ကူးစိတ်သန်းများကို မျှဝေပေးထားပါသည်။
အခန်းတစ်ခုလုံးကို ဟန်ချက်ညီစွာ ချိတ်ဆက်ပေးနိုင်သော Teal အရောင်


၎င်းသည် Natrah ၏ ပွဲတော်ရာသီအတွက် အကြိုက်ဆုံး အရောင်ရွေးချယ်မှုတစ်ခု ဖြစ်ပြီး၊ ဘာကြောင့် နှစ်သက်သည်ကိုလည်း နားလည်ရလွယ်ကူပါသည်။ ပွဲတော်ရာသီအတွင်း မိသားစုနှင့် မိတ်ဆွေများ စုဝေးအသုံးပြုသော နေရာများသည် အခိုက်အတန့်များစွာကို လက်ခံပေးရသော်လည်း၊ 6378 Iconic သည် ထိုအသက်ဝင်သော လေထုနှင့် စွမ်းအင်များကို ဟန်ချက်ညီစွာ ပေါင်းစပ်ပေးနိုင်ပြီး ၎င်း၏ ကျက်သရေရှိသော အရောင်အသွေးကိုလည်း မပျောက်ပျက်စေပါ။
ပွဲတော်ရာသီအတွက် အသင့်တော်ဆုံး ဧည့်ခန်းအရောင်များထဲမှ တစ်မျိုး ဖြစ်ပါသည်။ ကြိုဆိုမှုအပြည့်ရှိသော နွေးထွေးမှုကို ပေးစွမ်းနိုင်သလို ထူးခြားသည့် အခိုက်အတန့်များအတွက်လည်း ကျက်သရေရှိသော ခံစားချက်ကို ဖန်တီးပေးနိုင်ပါသည်။ သီးသန့် အသုံးပြုထားချိန်တွင်လည်း လှပပြီး fresh တွဲဖက်အသုံးပြုသည့်အခါတွင်လည်း လိုက်ဖက်ညီပါသည်။ ထိုသို့ ပေါင်းစပ်အသုံးပြုခြင်းဖြင့် တက်ကြွလန်းဆန်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော်အရောင်စုစည်းမှုကို ဖန်တီးပေးနိုင်ကာ အလွန်အကျွံ ထင်ပေါ်လွန်းခြင်းမရှိဘဲ ဆွဲဆောင်မှုရှိသော လေထုကို ပေးစွမ်းနိုင်ပါသည်။
အကြံပြုချက်: နွေးထွေးမှုနှင့် အေးမြမှုကို လှပစွာ ဟန်ချက်ညီစေရန် 6378 Iconic ကို 1965 Ginger Tea နှင့် တွဲဖက်အသုံးပြုကြည့်ပါ။ လန်းဆန်းပြီး ပွဲတော်ရာသီနှင့် လိုက်ဖက်သော အရောင်တွဲစပ်မှုကို ဖန်တီးပေးနိုင်ပါသည်။ ထို့အပြင် golden pink အရောင်များကို အသေးစိတ်အလှဆင်မှုများအဖြစ် ထည့်သွင်းအသုံးပြုခြင်းဖြင့် အရောင်စုစည်းမှုတစ်ခုလုံးကို ပိုမိုအသက်ဝင်ပြီး ဆွဲဆောင်မှုရှိစေပါသည်။
ပွဲတော်၏ ဆူညံစည်ကားမှုမှ ခေတ္တရှောင်ခွာနိုင်မည့် တိတ်ဆိတ်ငြိမ်သက်သော ထောင့်လေးတစ်ခု။


6379 Cityscape သည် အိမ်အတွင်းပိုင်းအတွက် စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သော အိပ်ခန်းအရောင်တစ်မျိုး ဖြစ်ပါသည်။ ပွဲတော်ရာသီအတွင်း အခြားနေရာများတွင် စည်ကားအသက်ဝင်နေချိန်၌ အေးချမ်းစွာ အနားယူနိုင်မည့် ကိုယ်ပိုင်နေရာတစ်ခုကို ဖန်တီးပေးနိုင်ပါသည်။ ဤရာသီအတွက် အိပ်ခန်းများတွင် အသုံးပြုရန် ဂရုတစိုက် ရွေးချယ်ထားသော စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည့် အရောင်များထဲမှ တစ်မျိုးလည်း ဖြစ်ပါသည်။ အသက်ရှူဝအောင် အနားယူနိုင်ပြီး စိတ်နှင့် ကိုယ်ကို ပြန်လည်အားဖြည့်ကာ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်မည့် နေရာတစ်ခုကို ဖန်တီးပေးနိုင်ပါသည်။
အကြံပြုချက်: 6379 Cityscape ၏ နူးညံ့တည်ငြိမ်သော အရောင်အသွေးသည် အပြာရောင်နှင့် အစိမ်းရောင်များအပြင် နူးညံ့သော ပန်းရောင်များ၊ မက်မွန်ရောင်သန်း အရောင်များ (peach tones) နှင့် အဝါရောင်များနှင့်လည်း လှပစွာ လိုက်ဖက်ညီပါသည်။ ထို့အပြင် လန်းဆန်းသည့် အဖြူရောင်များ၊ Beige အရောင်များနှင့် မီးခိုးရောင်များနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် အရောင်စုစည်းမှုတစ်ခုလုံးကို ပိုမိုမျှတပြီး လန်းဆန်းသော အသွင်အပြင်ဖြင့် ပေါ်လွင်စေပါသည်။
အလွန်အကျွံ ထင်ပေါ်ခြင်းမရှိဘဲ နွေးထွေးမှုကို ပေးစွမ်းနိုင်သော အရောင်


အိမ်တိုင်းမှာ ပွဲတော်ရာသီအတွက် နေရောင်ခြည်နွေးနွေးလေး တစ်စိတ်တစ်ပိုင်းတော့ လိုအပ်ပါသည်။ 1965 Ginger Tea သည် အိမ်အတွင်းပိုင်းအတွက် နွေးထွေးသော အဝါရောင် အရောင်တစ်မျိုး ဖြစ်ပါသည်။ ပြင်းထန်လွန်းသော သို့မဟုတ် ထင်ပေါ်လွန်းသော အရောင်မျိုးမဟုတ်ဘဲ နူးညံ့ပြီး နေရောင်ခြည်ကဲ့သို့ လင်းလက်သော အရောင်အသွေးကို ပိုင်ဆိုင်ထားပါသည်။ ထို့ကြောင့် အခန်းတစ်ခန်းထဲသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်မှစ၍ သဘာဝကျကျ နွေးထွေးပြီး ကြိုဆိုမှုအပြည့်ရှိသော ခံစားချက်ကို ဖန်တီးပေးနိုင်ပါသည်။
1965 Ginger Tea သည် ပွဲတော်ရာသီအတွက် သင့်တော်သော အရောင်များထဲမှ တစ်မျိုး ဖြစ်ပါသည်။ မိသားစုနှင့် မိတ်ဆွေများ စုဝေးသည့် အခိုက်အတန့်များတွင်သာမက တိတ်ဆိတ်အေးချမ်းသော ညနေခင်းများအတွက်လည်း အညီအမျှ လိုက်ဖက်ညီပါသည်။ သီးသန့် အသုံးပြုထားချိန်တွင် ပျော်ရွှင်တက်ကြွမှုနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။ 6378 Iconic သို့မဟုတ် 6379 Cityscape ကဲ့သို့ အပြာရောင်သန်း အစိမ်းရောင်များနှင့် တွဲဖက်အသုံးပြုသည့်အခါတွင်ဖြစ်စေ၊ ရွှေရောင်သန်းသော အဖြူရောင်များနှင့် ပေါင်းစပ်အသုံးပြုသည့်အခါတွင်ဖြစ်စေ နွေးထွေးပြီး သက်တောင့်သက်သာရှိသော အလွှာစုံ အရောင်စုစည်းမှုကို ဖန်တီးပေးနိုင်ကာ အသက်ဝင်သော လေထုကိုလည်း ပေါ်လွင်စေပါသည်။
အကြံပြုချက်: Natrah က 1965 Ginger Tea ကို အပြာရောင်သန်း အစိမ်းရောင်များ သို့မဟုတ် ရွှေရောင်သန်းသော အဖြူရောင်များနှင့် တွဲဖက်အသုံးပြုရန် အကြံပြုထားပါသည်။ ထိုသို့ ပေါင်းစပ်အသုံးပြုခြင်းဖြင့် နွေးထွေးပြီး ပွဲတော်ရာသီနှင့် လိုက်ဖက်သော အရောင်စုစည်းမှုကို ဖန်တီးနိုင်ကာ အလွန်အကျွံ ထင်ပေါ်လွန်းခြင်း မရှိပါ။ နေရောင်ခြည်နွေးနွေးလေး အနည်းငယ်ကပင် ကြီးမားသော ကွာခြားမှုကို ဖန်တီးပေးနိုင်ပါသည်။
သင့်အိမ်သည် ပွဲတော်၏ အဓိက နေရာဖြစ်နေချိန်တွင် အသေးစိတ်အချက်တိုင်းက အရေးပါပါသည်။ အရောင်ရွေးချယ်မှုသာမက ဆေးသားအချောသတ် (finish) ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ဤအရောင် (၃) ရောင်လုံးသည် Jotun ၏ ၂၀၂၆ Global Colour Collection ဖြစ်သည့် Soulful Spaces တွင် ပါဝင်သော အရောင်များဖြစ်ပြီး၊ အလင်းပြန်မှု မရှိသည့် Matte မျက်နှာပြင်နှင့် အလင်းရောင်ကြောင့် အရောင်ပြောင်းလဲသွားခြင်းမရှိသော anti-reflective finish ပါဝင်သည့် ကျွန်ုပ်တို့၏ အရည်အသွေးမြင့် အိမ်တွင်းသုံးဆေး Majestic True Beauty Matt ဖြင့် ရရှိနိုင်ပါသည်။ တောက်ပမှုမရှိ၊ အရောင်ပြောင်းလဲမှုမရှိ။ အရောင်ကတ်ပေါ်တွင် သင်မြင်ရသည့် အရောင်အသွေးကိုပင် နံရံပေါ်တွင် အတိအကျ ရရှိခံစားနိုင်ပါသည်။
Jotun ၏ ၂၀၂၆ Global Colour Collection ဖြစ်သည့် Soulful Spaces တွင် ပါဝင်သော အရောင် (၂၄) ရောင်လုံးကို လေ့လာပြီး အရောင်စုစည်းမှု (colour palette) သုံးမျိုးမှ စိတ်ကူးစိတ်သန်းများကို ရှာဖွေလိုက်ပါ။

ပွဲတော်ရာသီအတွက် ရွေးချယ်ထားသော အရောင်စုစည်းမှု (colour palette) ကို Jotun Southeast Asia ၏ Colour Manager ဖြစ်သူ Natrah Omar က မျှဝေပြောပြထားသည့် ဗီဒီယိုကို ကြည့်ရှုလိုက်ပါ။
မှန်ကန်သော အရောင်ရွေးချယ်မှုများက သင့်အိမ်၏ နေရာတိုင်းတွင် နွေးထွေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာနှင့် ပွဲတော်ရာသီ၏ အသက်ဝင်သော အငွေ့အသက်များကို ဖန်တီးပေးနိုင်ပုံကို လေ့လာကြည့်ရှုလိုက်ပါ။

Jotun ၏ Colour Team
အရှေ့တောင်အာရှ ၏ အရောင်ကျွမ်းကျင် ပညာရှင်များ
ယဉ်ကျေးမှု၊ ဒီဇိုင်းနှင့် လူတို့၏ နေထိုင်မှုပုံစံများမှ လှုံ့ဆော်မှုများရယူကာ စိတ်ကူးစိတ်သန်းများကို နိုးဆွပေးသော အရောင်ဇာတ်လမ်းများကို ဖန်တီးပေးနေသည့် Jotun Southeast Asia ၏ အရောင်ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ တင်ဆက်ထားပါသည်။
သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

