အဝါနု နှင့် အညို ဆေးအရောင်များ

အဝါနု နှင့် အညို အရောင်အရိပ်များ

ကျွန်ုပ်တို့၏အလှပဆုံး အဝါနု နှင့် အညိုရောင်များကို ကြည့်ရှု့လိုက်ပါ။ ပြီးပြည့်စုံသော အရောင်အတွဲအစပ်အတွက် မှန်ကန်သော အရောင်အရိပ်များအား ရှာဖွေနိုင်ရန် ကျွန်တော်တို့ ကူညီပေးပါရစေ။

Jotun 12308 Unbleached

အခန်းတိုင်းအတွက် အဝါနု နှင့် အညိုရောင်များ

နှစ်များစွာအတွင်း Jotun သည် လှပသော beige နှင့် brown အရောင်အမျိုးအစားများကို ကျယ်ပြန့်စွာ ဖန်တီးထုတ်လုပ်လာခဲ့ပါသည်။ ၎င်းတို့အနက် အချို့မှာ နူးညံ့သိမ်မွေ့ပြီး အရောင်ငြိမ်သက်ကာ နွေးထွေးပြီး ကြိုဆိုသည့် နံရံအလှဆင်မှုကို ဖန်တီးရန် သင့်တော်သလို၊ အချို့မှာ သဘာဝဆန်ကာ အရောင်ရင့်သော မြေအသားအရောင်များဖြစ်ပြီး သိမ်မွေ့သော အရောင်နောက်ခံအဆင့်များကြောင့် နေရာအတွင်း အလွှာလိုက် နက်ရှိုင်းမှုနှင့် ထူးခြားသော အလှတရားကို ပေါင်းထည့်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ရွေးချယ်ထားသော အရောင်စုစည်းမှုများကို မိတ်ဆက်ပေးပြီး သင့်အိမ်နှင့် အလိုက်ဖက်ဆုံး အရောင်ပေါင်းစပ်မှုများကို ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးပါမည်။ သင့်တော်သော အရောင်ကို Matt Finish ဖြင့် သုတ်လိမ်းရွေးချယ်ပါက မည်သည့်နေရာကိုမဆို နွေးထွေး၊ သက်တောင့်သက်သာရှိပြီး ဟန်ချက်ညီသော အနားယူရာနေရာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မည် ဖြစ်ပါသည်။

 

Majestic True Beauty Matt  — အဆင့်အတန်းမြင့်မားသော ချောမွေ့နူးညံ့သည့် မျက်နှာပြင်အလှကို ပေးစွမ်းနိုင်သည့် ကျွန်ုပ်တို့၏ အလှပဆုံး ဆေးသားအမှိန်/ Matt Paint ဖြစ်ပါသည်။

Beige အရောင်သစ် Unbleached ကို မိတ်ဆက်ပေးခြင်း

Unbleached သည် သဘာဝဆန်ပြီး နူးညံ့သော အသွင်အပြင်ရှိသည့် ရွှေရောင်အခြေခံ Beige အရောင်ဖြစ်ပါသည်။ ပိုဖျော့သော (သို့) ပိုရင့်သော ရွှေရောင် Beige များနှင့်လည်းကောင်း၊ ရွှေရောင် Brown များနှင့်လည်းကောင်း အလွန်လိုက်ဖက်ပါသည်။ နွေးထွေးသော ရွှေရောင် Peach၊ လိမ္မော်ရောင်၊ Rustic Red များနှင့် Brown ဘက်သို့ ယိမ်းသော အဝါရောင်ရင့်များနှင့်လည်း အရောင်ပေါင်းစပ်အသုံးပြုရန် သင့်တော်ပါသည်။ ထို့ပြင် စိုပြေတောက်ပသော ရွှေရောင်အစိမ်းများနှင့်လည်း လှပစွာ တွဲဖက်နိုင်ပါသည်။

Jotun 12308 Unbleached

ဖုန်မှုန်သိမ်မွေ့သော Beige နှင့် Brown အရောင်များ

ပျော့ပြောင်းသိမ်မွေ့သော အရောင်အခြေခံများ ပါဝင်သည့် Beige နှင့် Brown အရောင်များဖြစ်ပြီး၊ Beige ဖျော့ဖျော့များမှ စတင်ကာ Brown ရင့်ရင့်များအထိ ရွေးချယ်နိုင်ပါသည်။

နူးညံ့သော Beige နှင့် Brown အရောင်များ

အဝါရောင်နှင့် အနီရောင်အခြေခံ အရောင်များ ပါဝင်သည့် Beige နှင့် Brown အရောင်များ — Beige အဖျော့များမှ စတင်၍ နွေးထွေးသော Brown အရောင်များအထိ ရွေးချယ်နိုင်ပါသည်။

Beige & Brown

Beige နှင့် Brown ဆေးရောင်များ စိတ်ကူးစိတ်သန်းနှင့် အလှဆင်အကြံပြုချက်များ

Beige နှင့် Brown အရောင်များအတွက် စိတ်ကူးစိတ်သန်းပေးသော ပုံရိပ်များကို လေ့လာကြည့်ရှုပါ။

သင့်အတွက် အလိုက်ဖက်ဆုံး Beige နှင့် Brown ဆေးရောင်ကို ရှာဖွေပါ။

Jotun သည် နှစ်ပေါင်းများစွာအတွင်း လှပသော အဝါနုရောင်နှင့် အညိုရောင် အရောင်အရိပ်များအား ကျယ်ပြန့်စွာ ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ အချိ့အရောင်အရိပ်များမှာ နူးညံ၍ ဖျော့တော့သည့်အသွင်ဆောင်ပြီး အေးချမ်းမှုနှင့် ဖိတ်ခေါ်မှုကို ဖန်တီးရန်အတွက် သင့်တော်ပါသည်။ အချို့ အရောင်အရိပ်များမှာ အဝါနှင့် အနီရောင် အခြေခံသည့် နွေးထွေးပြီး အရောင်ရင့်များ ဖြစ်ကာ နက်ရှိုင်းမှုနှင့် သွင်ပြင်လက္ခဏာကို ထည့်သွင်းနိုင်သည့် အရောင်များ ဖြစ်ပါသည်။ ကျယ်ပြန့်သော အရောင်အရိပ်များနှင့် မည်ကဲ့သို့ အရောင်ပေါင်းစပ်မှုသည် သင်နှင့် အလိုက်ဖက်ဆုံးဖြစ်မည်ကို ကျွန်ုပ်တို့ လမ်းညွှန်ပေးပါရစေ။

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you