Beautiful living room paint colours and ideas

ဧည့်ခန်းအိုင်ဒီယာများနှင့် အရောင်ချပ်များ

လှပသော ဧည့်ခန်း အရောင်များ

စိတ်ခံစားချက်အလိုက် ဧည့်ခန်းအရောင်များအား အလှဆင်ပါ။

သင်၏ဧည့်ခန်းသည် ဘဝအချိန်များဖြတ်သန်းသည့်နေရာ၊ အနားယူဆက်သွယ်ကာ ကိုယ်ပိုင်စတိုင်များအားဖော်ပြသည့်နေရာပါသည်။ ပျော့ပျောင်းသည့် neutral အရောင်များ၊ တောက်ပနက်ရှိုင်သည့် အနီရောင်များ (သို့) အေးချမ်းသော အပြာရောင်များအား နှစ်သက်ကာ မှန်ကန်သည့် အရောင်ရွေးချယ်မှုသည် အခန်းတစ်ခုလုံးရဲ့ ဝန်းကျင်ကို အလုံးစုံပြောင်းလဲစေနိုင်ပါသည်။ Jotun ၏ သေချာစွာရွေးချယ်ထားတဲ့ အရောင်စပ်များဖြင့် သင့်အတွက် အကောင်းဆုံးနေရာတစ်ခုအား ဖန်တီးပေးနိုင်ရန် ကူညီပေးပါမည်။

ပြီးပြည့်စုံသည့်ဧည့်ခန်း

ပြီးပြည့်စုံသည့် ဧည့်ခန်းဆိုသည်မှာ တစ်နေ့တာလုံး အလုပ်များပြီးစီးချိန်တွင် အိမ်ပြန်ရောက်ချင်စိတ်ဖြစ်ပေါ်စေတဲ့နေရာဖြစ်ပါသည်။ လုံခြုံအေးချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး အပန်းဖြေရာ၊ မိတ်ဆွေများအားဧည့်ခံရာ၊ မိသားစုနဲ့အချိန်ကောင်းတွေကုန်ဆုံးရာနေရာတစ်ခုလည်း ဖြစ်ပါသည်။အစားအသောက်များ အတူတူပျော်ပျော်ရွှင်ရွှင်စားသောက်ခြင်း၊ စကားများတရင်းတနှီးပြောဆိုခြင်း၊ ကစားချိန်များဖြစ်စေ၊ တကိုယ်တည်း အနားယူချိန်ဖြစ်စေ ဒီအခန်းသည် သင့်၏ စိတ်ချမ်းသာစရာနေရာတစ်ခုပင်ဖြစ်ပါသည်။

 

တစ်ချို့မှာ ရိုးမသွားနိုင်သော မီးခိုးရောင်များ သို့မဟုတ် နွေးထွေးသော အညိုရောင်စပ်များကို နှစ်သက်ကြပြီး၊ တစ်ချို့ကမူ နှစ်သိမ့်ဖွယ်ရာ ပတ်ဝန်းကျင်အာရုံအတွက် တောက်ပနက်ရှိုင်းသော အရောင်များကို ရှာဖွေကြပါသည်။သင့်အိပ်မက်ထဲမှ အနီရောင်စာကြည့်တိုက်၊ ခန့်ညားသော ခရမ်းရောင်ညစာစားခန်း၊ ပျော်ရွှင်ဖွယ်စွမ်းအင်တွေပြည့်နေသည့် စိတ်ကူးကောင်းရစေသော နေရာတစ်ခု... အားလုံးအား Jotun မှ ပြုလုပ်ပေးနိုင်ပါသည်။

၂၀၂၅ ၏ ခေတ်စားနေသော ဧည့်ခန်းအရောင်များ

၂၀၂၅ ၏ ခေတ်စားနေသော ဧည့်ခန်းအရောင်များ

Jotun သည် အမြဲပင် သင့်နံရံများပေါ်တွင် လှပနှစ်လိုဖွယ်ကောင်းစေမည့် အရောင်များကို ဖန်တီးပေးပါသည်။ ကျွန်ုပ်တို့၏ ခေတ်မှီသော အရောင်များသည် သဘာဝအတိုင်း ရိုးမသွားနိုင်သော စံထားစရာ အရောင်များအဖြစ် ပြောင်းလဲဖွံ့ဖြိုးလာပါသည်။ဤအရောင်စည်းမျဉ်းများတွင် ကျွန်ုပ်တို့၏ အရောင်ကျွမ်းကျင်ပညာရှင်များသည် သင့်ဧည့်ခန်းအတွက် လိုချင်သော စတိုင်လ် သို့မဟုတ် ခံစားချက်ကို ထင်ဟပ်စေမည့် အရောင်တစ်ခုကို ရှာဖွေနိုင်စေရန် ရိုးမသွားနိုင်သော ကျွန်ုပ်တို့၏ အကောင်းဆုံးအရောင်များကို စနစ်တကျ ရွေးချယ်စီစဉ်ပေးထားပါသည်။

ဧည့်ခန်းအတွက်အိုင်ဒီယာများနှင့် အရောင်ချပ်များအား ရှာဖွေပါ။

အတုယူအလှဆင်ရန် အခန်းပုံများ

တုပစရာလှပသည့်ဧည့်ခန်းပုံများ

ကျွန်ုပ်တို့၏ ဧည့်ခန်းအတွက် တုပစရာ ဆေးရောင်စုံပုံရိပ်ပေါင်း ၃၇၅ ခုကျော်ပါဝင်သော ဆေးရောင်အစုံလိုက်ကို စူးစမ်းလေ့လာလိုက်ပါ။ အရောင်အသွေးအလိုက် စစ်ထုတ်နိုင်ပြီး သင့်အတွက်ကိုက်ညီသော စတိုင်ကိုရှာဖွေကာ သင့်နေရာကို အသွင်ပြောင်းလဲလိုက်ပါ။

Wooden table with ceramic vase, lamp, and decor against a dark, muted green wall painted in the colour Jotun 7613 Northern Mystic.
A brownish red wall painted in the colour Jotun 2149 Coffee with golden brown trims painted in the colour 1974 Golden Walnut.
A red dresser, wall art, and fireplace against a deep, brownish red wall painted with the colour Jotun 2149 Coffee.
Minimalist interior with wooden chair, a cabinet painted with 12300 Hazelnut Beige against a beige wall painted in the colour Jotun 1625 Soul.
A yellow bench in the Jotun colour 1965 Ginger Tea against a golden, white wall painted in 1625 Soul.
A wooden chair, woven lamp, and coffee table against a muted yellow wall painted in the colour 12080 Soft Radiance from Jotun.
Rustic interior with wooden chairs  against a golden brown wall painted with the Jotun colour 10963 Golden Bronze.
Minimalist workspace with wooden desk and decor against a muted bluish green wall in the colour 6379 Cityscape from Jotun.
Modern living room with white sofa and abstract wall painting hanging on a golden beige wall painted in the colour 12292 Caramel Brown from Jotun.

သင့်ဧည့်ခန်းအတွက်ထုတ်ကုန်များ

သင့်ဧည့်ခန်းအတွက် အရောင်ချပ်များနှင့် ပညာရှင်များ၏အကြံဉာဏ်များအားကြည့်ရှုရန်

ရိုးမသွားနိုင်သော မီးခိုးရောင်များမှသည် နွေးထွေးသော အညိုရောင်များ၊ ရဲရင့်ထက်မြက်သော အနီရောင်များနှင့် စိမ်းလန်းစိုပြေသော အစိမ်းရောင်များအထိ။ စိတ်ကြိုက်အခြေအနေ၊ ဟန်အမျိုးမျိုးနှင့် ကိုက်ညီမည့် ဧည့်ခန်းအရောင်စိတ်ကူးများကို ကျယ်ပြန့်စွာ ရှာဖွေလိုက်ပါ။ ခေတ်စားနေသော အရောင်စပ်နည်းများ၊ ကျွမ်းကျင်သူများ၏ အကြံပြုချက်များနှင့် အကောင်းဆုံးအရောင်ကို ရွေးချယ်နိုင်ရန် အထောက်အကူပြု အသုံးဝင်သော နည်းလမ်းများကို ရှာဖွေပါ။ နွေးထွေးသောပတ်ဝန်းကျင်လေး ဖန်တီးလိုသည်ဖြစ်စေ၊ လန်းဆန်းတက်ကြွတဲ့ လူမှုရေးနေရာတစ်ခု ဖန်တီးလိုသည်ဖြစ်စေ၊ ဒီမှာ စိတ်ကူးကောင်းတွေ တွေ့ရှိရမှာပါ။

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you