SOULFUL SPACES မှ ဂရုတစိုက် ရွေးချယ်ထားသော အရောင်များ

2026 တွင် သိထားသင့်သည့်အရောင်များ

Jotun ၏ 2026 အရောင်ချပ်အသစ်မှ အတွင်းပိုင်းနံရံအရောင်များဖြင့် သင့်အိမ်ထဲသို့ နွေးထွေးမှု၊ သက်တောင့်သက်သာဖြစ်မှု နှင့် ကိုယ်ပိုင်စရိုက်လက္ခဏာများကို ယူဆောင်လာလိုက်ပါ။
2026 တွင် သိထားသင့်သည့်အရောင်များ

26 Aug 2026

ဖတ်ရန်ကြာချိန် ၅ မိနစ်

2026 တွင် သိထားသင့်သည့်အရောင်များ

အရောင်ဆိုသည်မှာ နံရံတစ်ခုအတွက် သက်သက်သာမဟုတ်ပါဘူး။ ၄င်းတို့သည် ဖက်ရှင်၊ ဒီဇိုင်း နှင့် ကျွန်တော်တို့ နေထိုင်မှုဘဝပုံစံအပေါ် ရွေ့လျားနေပြီး ကျွန်တော်တို့ စကားလုံးများနှင့် ဖော်ပြမှုမတိုင်ခင်ကပင် ကျွန်တော်တို့နေထိုင်ရာ နေရာသည် မည်သို့ခံစားရသည်ကို ဖော်ပြပေးနေပြီးဖြစ်သည်။ ၂၀၂၆ အတွက် Jotun ၏အရောင်ပညာရှင်များသည် ဤအကူးအပြောင်းကို အနီးကပ်စောင့်ကြည့်လေ့လာပြီး ပိုမိုကိုယ်ပိုင်ဆန်သော၊ ပိုမိုလှပပြီး သက်တောင့်သက်သာဖြစ်သော အိမ်များအားအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်ကို တွေ့ရှိခဲ့ကြသည်။ Jotun Southeast Asia Colour Manager နှင့် အရောင်ပညာရှင်ဖြစ်သည့် Natrah Omar သည် Soulful Spaces ၂၀၂၆ Global Colour Collection မှ သူမအနှစ်သက်ဆုံး ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသော ဆေးရောင်စုံ (၅) ရောင်ကို မျှဝေပေးထားပါသည်။

Coffee, Unbleached, Golden Walnut, Wild Ivy and Silky Pink.
Coffee, Unbleached, Golden Walnut, Wild Ivy and Silky Pink.

 

Jotun 12308 Unbleached

သိထားသင့်သော နွေးထွေးသည့် အဖြူရောင်

Jotun 12308 Unbleached သည် ရွှေရောင် undertone ဖြင့် ပျော့ပြောင်းသော အဖြူရောင် ဖြစ်ပါသည်။
၎င်းအရောင်သည် နွေးထွေးပြီး သဘာဝကျကာ ပြင်းထန်လွန်းခြင်း သို့မဟုတ် အေးစက်သော ခံစားချက်ကို မပေးပါ။
Jotun 12308 Unbleached သည် ရွှေရောင် undertone ဖြင့် ပျော့ပြောင်းသော အဖြူရောင် ဖြစ်ပါသည်။
၎င်းအရောင်သည် နွေးထွေးပြီး သဘာဝကျကာ ပြင်းထန်လွန်းခြင်း သို့မဟုတ် အေးစက်သော ခံစားချက်ကို မပေးပါ။

၎င်းသည် အခန်းအတွင်းသို့ နူးညံ့သော နက်ရှိုင်းမှုကို ထပ်လောင်းပေးစွမ်းနိုင်သည့်အပြင် တောက်ပမှုနှင့် အချိန်မရွေး လိုက်ဖက်နေမည့် အလှကိုလည်း ဆက်လက်ထိန်းသိမ်းပေးနိုင်ပါသည်။ တောက်ပသော ဧည့်ခန်းများတွင်ဖြစ်စေ၊ တိတ်ဆိတ်အေးချမ်းသော အိပ်ခန်းထောင့်များတွင်ဖြစ်စေ သဘာဝကျကျ လိုက်ဖက်ညီသော နွေးထွေးသည့် အဖြူရောင် ဆေးရောင်တစ်မျိုး ဖြစ်ပါသည်။

၎င်းသည် အိမ်တစ်အိမ်လုံးတွင် အသုံးပြုနိုင်သည့် နံရံအရောင်ရွေးချယ်မှုများထဲမှ တစ်မျိုး ဖြစ်ပါသည်။ အိမ်တစ်အိမ်လုံးအတွက် အခြေခံအရောင်အဖြစ် အသုံးပြုနိုင်သလို၊ ပိုမိုနက်ရှိုင်းသော အရောင်များနှင့် တွဲဖက်အသုံးပြု၍ အရောင်ကွဲပြားမှုနှင့် နွေးထွေးသော ခံစားချက်ကိုလည်း ဖန်တီးနိုင်ပါသည်။ အခန်းတစ်ခန်းနှင့် တစ်ခန်းအကြား အရောင်လိုက်ဖက်ညီမှုကို အလွယ်တကူ ရရှိစေပြီး အလင်းရောင်မျိုးစုံအောက်တွင်လည်း လှပသော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါသည်။

သတိထားမိစေရန် အထူးကြိုးစားနေသည့် အရောင်မျိုး မဟုတ်ပါ။ ထိုအချက်ကပင် ၎င်းကို အချိန်ကြာမြင့်စွာ နှစ်သက်ခံရစေသည့် အကြောင်းရင်း ဖြစ်ပါသည်။

Jotun ၏ ကျွမ်းကျင်ပညာရှင်များမှ အကြံပြုချက်

အခြေခံအရောင်ကို ရွေးချယ်ပါ၊ ထို့နောက် လှပသော အရောင်ပေါင်းစပ်မှုများ ရရှိစေရန် အခြားအရောင်အသွေးများ ထပ်မံဖြည့်စွက်ပါ။

12308 Unbleached ကို သင့်အိမ်၏ အဓိက အခြေခံအရောင်အဖြစ် အသုံးပြုကြည့်ပါ။ ဤရွှေရောင်သန်း Beige အရောင်သည် warm golden peach tones များ၊ ၊ muted oranges အရောင်များ၊ rustic reds များနှင့် rich yellow-browns အရောင်တို့နှင့် လှပစွာ လိုက်ဖက်ညီပါသည်။ ထို့ကြောင့် အရောင်စုစည်းမှု (palette) တစ်ခုလုံးတွင် နွေးထွေးမှုနှင့် နက်ရှိုင်းမှုကို ပိုမိုမြှင့်တင်ပေးနိုင်ပါသည်။

 

Jotun 2149 Coffee

အကြောင်းပြချက်ခိုင်မာစွာဖြင့် ပြန်လည်ရေပန်းစားလာသော ဂန္ထဝင်အရောင်တစ်မျိုး

2149 Coffee သည် အနီရောင်သန်းသော နက်ရှိုင်းသည့် အညိုရောင် (deep reddish brown) အရောင်တစ်မျိုး ဖြစ်ပါသည်။
နက်ရှိုင်းပြီး နွေးထွေးသော အရောင်အသွေးရှိကာ တည်ငြိမ်သည့် ယုံကြည်မှုကို ဖော်ဆောင်ပေးနိုင်ပါသည်။
2149 Coffee သည် အနီရောင်သန်းသော နက်ရှိုင်းသည့် အညိုရောင် (deep reddish brown) အရောင်တစ်မျိုး ဖြစ်ပါသည်။
နက်ရှိုင်းပြီး နွေးထွေးသော အရောင်အသွေးရှိကာ တည်ငြိမ်သည့် ယုံကြည်မှုကို ဖော်ဆောင်ပေးနိုင်ပါသည်။

ဒီအရောင်ကို လွန်ခဲ့တဲ့နှစ်များစွာက ဖန်တီးခဲ့ပြီး အခုအခါမှာတော့ ပြန်လည်ရေပန်းစားလာပါတယ်။ အတိတ်ကို ပြန်လည်အမှတ်ရစေဖို့အတွက်သာမဟုတ်ဘဲ၊ အလွှာအနက်ရှိပြီး နေထိုင်အသုံးပြုလာသလို သက်ဝင်ခံစားရစေလိုတဲ့ နေရာများအတွက် အမှန်တကယ် ခေတ်မီဆန်းပြားတဲ့ အိမ်သုတ်ဆေးအရောင် အိုင်ဒီယာတစ်ခုအဖြစ် ဖြစ်လာပါတယ်။

Jotun ၏ ကျွမ်းကျင်ပညာရှင်များမှ အကြံပြုချက်

အရောင်များကို ဟန်ချက်ညီညီ တွဲဖက်ဖန်တီးပါ။

Natrah သည် 2149 Coffee ကို 2951 Sophisticated Red နှင့် တွဲဖက်အသုံးပြု၍ တစ်ဆက်တည်း လိုက်ဖက်ညီသော၊ အခန်းတစ်ခုလုံးကို လွှမ်းခြုံပေးနိုင်သည့် အရောင်စုစည်းမှု (tonal palette) ကို ဖန်တီးရခြင်းကို နှစ်သက်ပါသည်။ ထို့အပြင် တူညီသော နွေးထွေးသည့် အရောင်မိသားစုမှ နူးညံ့သော ပန်းရောင်များကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အမှတ်မထင် ဖြစ်ပေါ်လာသည့် အရောင်တွဲစပ်မှုမျိုးမဟုတ်ဘဲ ဂရုတစိုက် ရွေးချယ်ထားသည့် လှပသော အရောင်ကွာခြားမှုကို ဖန်တီးပေးနိုင်ပါသည်။

 

Jotun 20054 Silky Pink

ကြားခံအရောင် (neutral tone) တစ်ခုကဲ့သို့ အသုံးဝင်သော ပန်းရောင်။

20054 Silky Pink သည် warm golden undertone ဖြင့် နူးညံ့သော ပန်းရောင် (soft pink) အရောင်တစ်မျိုး ဖြစ်ပါသည်။
ချိုမြိန်လွန်းသော (သို့) ပန်းနုရောင်ဆန်လွန်းသော ခံစားချက်မျိုးမဟုတ်ဘဲ တည်ငြိမ်ပြီး ကြိုဆိုမှုအပြည့်ရှိသော အရောင်အသွေးကို ပေးစွမ်းပါသည်။
20054 Silky Pink သည် warm golden undertone ဖြင့် နူးညံ့သော ပန်းရောင် (soft pink) အရောင်တစ်မျိုး ဖြစ်ပါသည်။
ချိုမြိန်လွန်းသော (သို့) ပန်းနုရောင်ဆန်လွန်းသော ခံစားချက်မျိုးမဟုတ်ဘဲ တည်ငြိမ်ပြီး ကြိုဆိုမှုအပြည့်ရှိသော အရောင်အသွေးကို ပေးစွမ်းပါသည်။

မျက်နှာပြင်ကျယ်သော နေရာများတွင် အသုံးပြုသည့်အခါ စိတ်အေးချမ်းမှုကို ပေးစွမ်းပြီး နူးညံ့သိမ်မွေ့သော အလှတရားဖြင့် ပြည့်နှက်သည့် လေထုကို ဖန်တီးပေးနိုင်ပါသည်။ အလွန်အကျွံ ထင်ပေါ်စေရန် ကြိုးစားစရာမလိုဘဲ ဂရုတစိုက် ရွေးချယ်ထားသည့် ခေတ်မီ အိမ်အတွင်းပိုင်းအရောင်တစ်မျိုးကဲ့သို့ ခံစားရစေပါသည်။

အိပ်ခန်းအတွက် အကောင်းဆုံး အရောင်များထဲမှ တစ်မျိုးဖြစ်ပြီး အမှန်တကယ် အနားယူအေးချမ်းနိုင်သည့် ကိုယ်ပိုင်နေရာတစ်ခုကဲ့သို့ ခံစားရစေပါသည်။ ထို့အပြင် ဧည့်ခန်း သို့မဟုတ် နားနေခန်းများတွင်လည်း သဘာဝကျကျ လိုက်ဖက်ညီစွာ အသုံးပြုနိုင်ပြီး နွေးထွေးသော အဖြူရောင်များနှင့် နူးညံ့သည့် သဘာဝဆန်သော အရောင်များနှင့်လည်း ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ပါသည်။

နူးညံ့သိမ်မွေ့ပြီး ကြားနေ (neutral) အရောင်အသွေးမျိုး ဖြစ်သော်လည်း ထူးခြားသော ဆွဲဆောင်မှုနှင့် ပိုမိုနူးညံ့သိမ်မွေ့သည့် ခံစားချက်တို့ကို ပိုင်ဆိုင်ထားပါသည်။

Jotun ၏ ကျွမ်းကျင်ပညာရှင်များမှ အကြံပြုချက်

တက်ကြွပြီး အသက်ဝင်သော အရောင်တွဲစပ်မှု

20054 Silky Pink သည် မီးခိုးရောင်များ (သို့) အစိမ်းရောင်များ နှင့် လှပစွာ လိုက်ဖက်ညီပြီး အားစိုက်ထုတ်ထားသလို မထင်ရဘဲ ဟန်ချက်ညီပြီး ပြည့်စုံသော အိမ်အတွင်းပိုင်း အရောင်တွဲစပ်မှုများကို ဖန်တီးပေးနိုင်ပါသည်။

 

Jotun 6194 Wild Ivy

အရောင်များဖြင့် ထူးခြားမှုကို ဖန်တီးလိုသူများအတွက်

6194 Wild Ivy သည် အားစိုက်ထုတ်စရာမလိုဘဲ ကျက်သရေရှိမှုကို ကိုင်ဆောင်ထားသည့် အပြာရောင်သန်းသော အစိမ်းရောင် (blue-green) အရောင် ဖြစ်ပါသည်။
6194 Wild Ivy သည် အပြာရောင်နှင့် အစိမ်းရောင်ကြား ဟန်ချက်ညီညီ တည်ရှိသော အရောင်အသွေးကြောင့် ထင်ရှားလွန်းခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသည့်အတိုင်း တည်ငြိမ်ပြီး မျှတသော ခံစားချက်ကို ပေးစွမ်းနိုင်ပါသည်။
6194 Wild Ivy သည် အားစိုက်ထုတ်စရာမလိုဘဲ ကျက်သရေရှိမှုကို ကိုင်ဆောင်ထားသည့် အပြာရောင်သန်းသော အစိမ်းရောင် (blue-green) အရောင် ဖြစ်ပါသည်။
6194 Wild Ivy သည် အပြာရောင်နှင့် အစိမ်းရောင်ကြား ဟန်ချက်ညီညီ တည်ရှိသော အရောင်အသွေးကြောင့် ထင်ရှားလွန်းခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသည့်အတိုင်း တည်ငြိမ်ပြီး မျှတသော ခံစားချက်ကို ပေးစွမ်းနိုင်ပါသည်။

6194 Wild Ivy ကဲ့သို့ အေးမြသော အရောင်အသွေး (cool tone) ရှိသည့် အိမ်အတွင်းပိုင်း အရောင်များသည် တစ်ခါတစ်ရံ ခပ်ခွာခွာနေဟန် ခံစားရနိုင်သော်လည်း ၎င်း၏ တည်ငြိမ်ယုံကြည်မှုအောက်၌ နွေးထွေးသော အရောင်အသွေးတစ်ခု ပါဝင်နေသောကြောင့် သဘာဝဆန်ပြီး ကြိုဆိုမှုအပြည့်ရှိသော ခံစားချက်ကို ပေးစွမ်းနိုင်ပါသည်။ သီးသန့် အသုံးပြုပါက သန့်ရှင်းပြီး ယုံကြည်မှုရှိသော အပြင်အဆင်ကို ဖန်တီးပေးနိုင်သလို၊ အခြားအရောင်များနှင့် တွဲဖက်အသုံးပြုပါကလည်း နေရာတစ်ခုချင်းစီ၏ အကောင်းဆုံး အသွင်အပြင်ကို ပိုမိုပေါ်လွင်စေနိုင်ပါသည်။

Jotun ၏ ကျွမ်းကျင်ပညာရှင်များမှ အကြံပြုချက်

သဘာဝဆန်မှု၊ လန်းဆန်းမှုနှင့် နွေးထွေးသော ကြိုဆိုမှု

6194 Wild Ivy သည် နွေးထွေးသော သစ်သားအရောင်များ၊ soft off-whites များ နှင့် light blue-greens တို့ဖြင့်လိုက်ဖက်ညီစွာ တွဲဖက်အသုံးပြုနိုင်ပါသည်။ ထိုသို့ ပေါင်းစပ်ခြင်းဖြင့် အရောင်များအကြား ဟန်ချက်ညီမှုကို ဖန်တီးပေးပြီး ထူးခြားသော အရောင်အသွေးကို ပိုမိုပေါ်လွင်စေပါသည်။ ထို့အပြင် အဝါရောင်နှင့် တွဲဖက်အသုံးပြုသည့်အခါ တက်ကြွပြီး အသက်ဝင်သော အရောင်တွဲစပ်မှုကို ဖန်တီးပေးနိုင်ပါသည်။

 

Jotun 1974 Golden Walnut

သဘာဝဆန်သော အလယ်အလတ်ရင့် အရောင်တွင် ထင်ဟပ်နေသည့် တိတ်ဆိတ်သော အဆင့်အတန်းမြင့်မားမှု 

Jotun 1974 Golden Walnut သည် သမရိုးကျ အညိုရောင်မျိုးမဟုတ်ပါ။
၎င်းသည် ထူးခြားပြီး ခေတ်မီသော အရောင်အသွေးကို ပိုင်ဆိုင်ထားကာ ရှားပါးသည့် ဆွဲဆောင်မှုမျိုးကိုလည်း ပေးစွမ်းနိုင်ပါသည်။
Jotun 1974 Golden Walnut သည် သမရိုးကျ အညိုရောင်မျိုးမဟုတ်ပါ။
၎င်းသည် ထူးခြားပြီး ခေတ်မီသော အရောင်အသွေးကို ပိုင်ဆိုင်ထားကာ ရှားပါးသည့် ဆွဲဆောင်မှုမျိုးကိုလည်း ပေးစွမ်းနိုင်ပါသည်။

အဝါရောင်သန်းသော အညိုရောင် အလယ်အလတ်ရင့် (yellowish brown mid-tone) အရောင်တစ်မျိုး ဖြစ်ပါသည်။ အခန်းအတွင်း နွေးထွေးမှုနှင့် နူးညံ့သိမ်မွေ့သော ဇိမ်ခံခံစားချက်ကို ချက်ချင်း ဖန်တီးပေးနိုင်ပါသည်။ သဘာဝဆန်သော ဤအရောင်သည် ခေတ်မီမှုနှင့် အချိန်မရွေး လိုက်ဖက်သော အလှတရားကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားပြီး၊ အပေါ်ယံအလှဆင်မထားသော ကြွေထည်ပစ္စည်းများ၊ အချိန်ကြာအရောင်တင်လာသော ကြေးဝါပစ္စည်းများ (aged brass) နှင့် သဘာဝ Linen အထည်များနှင့်လည်း လှပစွာ လိုက်ဖက်ညီပါသည်။

အိမ်အတွင်းပိုင်းအတွက် နွေးထွေးသော အညိုရောင် အရောင်တစ်မျိုး ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ ဆွဲဆောင်မှုနှင့် အရောင်၏ အနက်အရှိုင်းကို ပိုမိုခံစားမိလာစေပါသည်။ အခန်းအတွင်း သဘာဝကျကျ လိုက်လျောညီထွေစွာ ပေါင်းစပ်ဝင်ရောက်သွားပြီး နောက်ဆုံးတွင် ၎င်းမပါဘဲ အခန်းကို မတွေးနိုင်လောက်အောင် နေရာတစ်ခု၏ အစိတ်အပိုင်းအဖြစ် ဖြစ်တည်လာစေပါသည်။

Jotun ၏ ကျွမ်းကျင်ပညာရှင်များမှ အကြံပြုချက်

နွေးထွေးသော အဆင့်အတန်းမြင့်မားမှု

1974 Golden Walnut ကို 12308 Unbleached နှင့် တွဲဖက်အသုံးပြု၍ နွေးထွေးပြီး တစ်ဆက်တည်း လိုက်ဖက်ညီသော အရောင်စုစည်းမှုကို ဖန်တီးကြည့်ပါ။ နူးညံ့သိမ်မွေ့သော ဇိမ်ခံခံစားချက်ကို ပေးစွမ်းနိုင်သည့် ဤအရောင်တွဲစပ်မှုသည် ၂၀၂၆ ခုနှစ်၏ ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသော ဆေးရောင်ရွေးချယ်မှု တစ်ခုအဖြစ် ဧည့်ခန်းများနှင့် အိပ်ခန်းများတွင် လှပစွာ အသုံးပြုနိုင်ပါသည်။

Soulful Spaces အရောင်ချပ်ကို ကြည့်ရှု့လိုက်ပါ။

Jotun ၏ ၂၀၂၆ Global Colour Collection တွင် ပါဝင်သော အရောင် (၂၄) ရောင်လုံးကို လေ့လာပြီး အရောင်စုစည်းမှု (colour palette) သုံးမျိုးမှ စိတ်ကူးစိတ်သန်းများကို ရှာဖွေလိုက်ပါ။

2026 တွင် သိထားသင့်သည့်အရောင်များ

 

သင့်အရောင်အားရှာဖွေပါ။

ဤအရောင် (၅) ရောင်လုံးကို အမှန်တကယ် နေထိုင်အသုံးပြုသည့် အိမ်များတွင် လှပစွာ အသုံးပြုနိုင်စေရန် ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်ပြီး၊ အချိန်မရွေး လိုက်ဖက်နေမည့် အလှတရားနှင့် သက်တောင့်သက်သာ နေထိုင်နိုင်သော နေရာများကို ဖန်တီးနိုင်ရန် ကူညီပေးပါသည်။ ဤအရောင်များအားလုံးသည် Jotun ၏ ၂၀၂၆ Global Colour Collection ဖြစ်သည့် Soulful Spaces တွင် ပါဝင်သော အရောင်များ ဖြစ်ပါသည်။

2026 တွင် သိထားသင့်သည့်အရောင်များ

Jotun ၏ ၂၀၂၆ Global Colour Collection ဖြစ်သည့် Soulful Spaces မှ သူမ အနှစ်သက်ဆုံး အရောင်များအကြောင်းကို Regional Colour Manager ဖြစ်သူ Natrah Omar က မျှဝေပြောပြထားသည့် ဗီဒီယိုကို ကြည့်ရှုလိုက်ပါ။

 

ဂရုတစိုက် ရွေးချယ်ထားသော အရောင်များသည် သင့်အိမ်၏ ခံစားချက်နှင့် ထူးခြားသော အသွင်အပြင်ကို မည်သို့ ပုံဖော်ပေးနိုင်သည်ကို လေ့လာကြည့်ရှုလိုက်ပါ။

ရေးသားသူ

Jotun ၏ Colour Team

အရှေ့တောင်အာရှ ၏ အရောင်ကျွမ်းကျင် ပညာရှင်များ

ယဉ်ကျေးမှု၊ ဒီဇိုင်းနှင့် လူတို့၏ နေထိုင်မှုပုံစံများမှ လှုံ့ဆော်မှုများရယူကာ စိတ်ကူးစိတ်သန်းများကို နိုးဆွပေးသော အရောင်ဇာတ်လမ်းများကို ဖန်တီးပေးနေသည့် Jotun Southeast Asia ၏ အရောင်ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ တင်ဆက်ထားပါသည်။

စိတ်ကူးဖွယ်နေထိုင်မှုဆိုင်ရာ ဘလော့ဂ်မှ သတင်းအသစ်များ

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you