Jotashield Infinity ၏ ထူးခြားသောဂုဏ်သတ္တိများကို ရှာဖွေပါ၊ ဂုဏ်သတ္တိတစ်ခုစီသည် ပြင်ပဓာတ်ခွဲခန်းများမှ ပြင်းထန်သောစမ်းသပ်မှုများစွာတွင် အကန့်အသတ်မရှိ ပိုကောင်းကြောင်း သက်သေပြထားပါသည်။
ကမ္ဘာ့ UV rays အမြင့်ဆုံးနေရာဖြစ်သည့် ဖလော်ရီဒါ၏ နေရာင်ခြည်အပြင်းဆုံး အခြေအနေတွင် အခြားအဆင့်မြင့် အပြင်သုတ်ဆေးများနှင့် နှိုင်းယှဥ်စမ်းသပ်ထားပြီး အရောင်လွင့်ခြင်း၊ ဆေးကွာခြင်းမရှိဘဲ မိုးရေနှင့် လေဒဏ်ခံနိုင်ရည်ရှိခြင်းအား စမ်းသပ်သက်သေပြထားပါသည်။ ဖလော်ရီဒါ၏ တစ်နှစ်ကြာချိန်သည် အခြားနိုင်ငံများ၏နှစ်ပေါင်းများစွာနှင့် ညီမျှပါသည်။ ထိုသို့စမ်းသပ်မှုမျိုးတွင်ပင် Jotashield Infinity သည်အကောင်းဆုံးဆေးအဖြစ်သက်သေပြလျက်ရှိပါသည်။
ဆေးသုတ်ထားသောမျက်နှာပြင်များအား နေဒဏ်နှင့် မိုးဒဏ် မှ ၄၅ ဒီဂရီ တိုက်ရိုက်ထိတွေ့စေပြီး ပုံမှန်ရာသီဥတုများထက် ကြမ်းတမ်းသော အခြေအနေကို ဖန်တီးကာ ကြာရှည်ခံမှုကိုစမ်းသပ်ထားပါသည်။
အရောင်လွင့်ခြင်းနှင့် ယေဘုယျပျက်စီးခြင်းတို့အတွက် ပြင်းထန်သော နေရောင်နှင့် အစိုပြန်သည့် အခြေအနေများတွင်လည်း စမ်းသပ်ခဲ့ပါသည်။
ဖုန်နှင့် အညစ်အကြေးများအား မည်ကဲ့သို့ ကောင်းမွန်စွာခုခံနိုင်မှုကို ဆေးသုတ်ထားသောမျက်နှာပြင်များအား ၄၅ ဒီဂရီအနေအထားဖြင့် စမ်းသပ်ထားပါသည်။
*Jotashield Infinity သည် ကြာရှည်ခံနိုင်ခြင်း၊ အရောင်၏ကြာရှည်ခံနိုင်ခြင်း၊ ဖုန်နှင့် အညစ်အကြေးများလွယ်ကူစွာမကပ်နိုင်ညှိနိုင်ခြင်းစသည့်ဂုဏ်သတ္တိများအား ပြင်ပစမ်းသပ်ခန်းများတွင် သက်သေပြထားသော အရှေ့တောင်အာရှ၏လူကြိုက်အများဆုံးအပြင်သုတ်ဆေးအမှတ်တံဆိပ်ဖြစ်သည်။ ၄င်းရလာဒ်များသည် Jotashield Infinity အားထူးခြားကောင်းမွန်သောဆေးဖြစ်ကြောင်းဖော်ပြပါသည်။ အခြားသောသုတေသန စစ်တမ်းများအရ အိမ်ပိုင်ရှင်နှင့် ဆေးသုတ်ဆရာများ၏ နစ်သက်လက်ခံကာ ရွေးချယ်မှု အများဆုံး အပြင်သုတ်ဆေးအမှတ်တံဆိပ်ဖြစ်ပါသည်။
**ပြင်ပဓာတ်ခွဲခန်းများသည် စင်္ကာပူရှိ TÜV SÜD နှင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Q-Lab Florida & Arizona Test Services ကို ရည်ညွှန်းပါသည်။
***ပြင်ပစားသုံးသူ သုတေသနကို အရှေ့တောင်အာရှဒေသ (Green Zebras Sdn. Bhd.) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့၏အဆင့်မြင့်အိမ်သုတ်ဆေးများနှင့် လှပသောအရောင်များဖြင့် သင့်အိမ်လေးအားပြုပြင်မွမ်းမံလိုက်ပါ။
အရောင်ရွေးခြယ်ရန်ခက်ခဲနေပါသလား? သင့်အိမ်၏ အသွင်အပြင်အား ဖန်သားပြင်အား ရိုးရှင်းစွာ ထိတွေ့လိုက်ရုံဖြင့် ပြီးပြည့်စုံသော အရောင်များကို ရှာဖွေလိုက်ပါ။
သင့်အိပ်မက်ထဲက အိမ်လေးအား ဖန်တီးလိုက်ပါ။