ရှေးဟောင်း နှင့် ခေတ်ပေါ် ဒီဇိုင်းတို့ကိုဖန်တီးပေါင်းစပ်ထားမှုများ

အရောင်ဟာ အနုပညာဖန်တီးခံစားမှုများတွင်အလွန်အရေးပါပါတယ်။ အရောင်ဟာ ဘဝမှာအတွေးအခေါ်များကိုပေးစွမ်းပြီး အရောင်များမရှိခဲ့ပါက ခံစားချက်မဲ့မှုကိုဖြစ်ပေါ်ပါလိမ့်မယ်။ သင့်အိမ်မှာသုတ်ထားတဲ့အရောင်များက သင်သည်မည်သူဖြစ်ကြောင်းနှင့် ကမ္ဘာကြီးကို မည်သို့ရှုမြင်တဲ့သူဖြစ်ကြောင်း ထင်ဟပ်နေစေပါသည်။

နံရံအရောင်: 6378 Iconic

ဒီအရောင်များကိုအသုံးပြုပြီး အလှဆင်ခြင်းဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော စိတ်ကူးယဥ်အိပ်မက်များကို ဖော်ထုတ်နိုင်ပြီး၊ စိတ်ကူးဥာဏ်များ ကွန့်မြူးပျံသန်းပြီး ဖန်တီးမှု အတွေးအမြင်သစ်များ မွေးဖွားပေါ်ပေါက်လာနိုင်ပါတယ်။

နံရံအရောင်: 8118 Crisp

ဒီအရောင်များက အနုပညာရသကို နားလည်ကျွမ်းကျင်သူများနှင့် ခံစားတတ်သူများ၊ အနုပညာအမွေအနှစ်များနှင့် အနုပညာသမိုင်းကြောင်း၊ ဖန်တီးမှုအနုပညာဒီဇိုင်းကို တန်ဖိုးထားတတ်သူများအတွက်ဖြစ်ပါတယ်။ အ‌ရောင်များသည် ရှေးဟောင်းနှင့်ခေတ်ပေါ်ဒီဇိုင်းများ၊ vintage စတိုင် အိမ်တွင်းဒီဇိုင်းဖန်တီးမှုများ နှင့် Nordic ဒေသများ၏ ရာစုနှစ် အလယ်ပိုင်းစတိုင် ဒီဇိုင်းဖန်တီးမှုများကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။

နံရံအရောင်: 8118 Crisp, Panel: 6379 City Shape

သိမ်မွေ့သောအရောင်၊ နူးညံ့သောအညို‌ရောင် နှင့် တည်ငြိမ်သော အဝါရောင်တို့က ကျွနှ်ပ်တို့နှင့်အတူ ပတ်ဝန်းကျင်မှာရှိတဲ့ အနုပညာဆန်သောပစ္စည်းများအတွက် စိတ်ခံစားမှုနောက်ခံများကို ဖန်တီးပေးနေပါတယ်။

နံရံအရောင်: 10246 Velvet

Jotun Interior Colour Centre

Jotun Interior Colour Centre

ကျွန်ုပ်တို့၏ ဂျိုတန်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် Jotun Interior Color Centre များကိုတွေ့ရှိနိုင်ပါသည်။ ထိုမှတဆင့် အိမ်အတွင်းပိုင်းနံရံများကိုအလှဆင်ရန် အရောင်များကို အသေးစိတ်ရွေးချယ်မှုများပြုလုပ်နိုင်ရန် ဂျိုတန်မှ အရောင်ပိုင်းဆိုင်ရာကျွမ်းကျင်သူများမှ အထူးထုတ်လုပ်ထားသည့် ၁၂၈ မျိုးသောအရောင်များကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

အရောင်များကြည့်ရန်
jotun.com

Are you a professional?