Rhythm of Life 2018

မြို့ပြရဲ့သက်ဝင်လှုပ်ရှားမှုများ

အပြာရောင်အခြေခံအရောင်များ၌ ဖန်တီးမှု အဆင့်မြင့်မားသော အထက်တန်းစား တန်ဖိုးကြီး ခံစားမှုများကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုပင်ဟေဂင်မြို့ နှင် လန်ဒန်မြို့၊ ဘရွတ်ကလင်းမြို့နှင့် ဘာလင်မြို့ကြီးများ၏ ခေတ်မှီတိုးတက်မှု၊ ယဥ်ကျေးမှုများ ကြွယ်ဝမှု နှင့် ခမ်းနားမှုများကို အခြေခံထားပြီးဖန်တီးထားပါတယ်။ ကြည်လင်အေးမြမှုနှင့်အတူ နူးညံ့ခြင်းနှင့် နွေးထွေးခြင်းက ဟန်ချက်ညီစွာ ပေါင်းစပ်ထားပါတယ်။ ဒီဖန်တီးမှုစွမ်းအင်ကို သင့်အိမ်ထံသို့စီးဝင်ပါစေ။

စိမ်းလန်းစိုပြည်သောဥယျာဥ်

အပြာရောင်နှင့်အစိမ်းရောင်တို့က သဘာဝရဲ့ စွမ်းအားကို ထုတ်ဖော်ပြသတဲ့ ကိုယ်စားပြုအရောင်များဖြစ်ပါတယ်။ ထိုအရောင်များက အေးဆေးတည်ငြိမ်မှုများကို သင့်နေအိမ်ထံသို့ ဆောင်ယူပေးပြီး စိတ်ငြိမ်စွာအနားယူနိုင်မည့် နေရာလေးတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်မှု

အညိုရင့်ရောင်နှင့် ခရင်မ်အဖြူရောင်များသည် သီးသန့်ဆန်ပြီး ပုံဖော်ဖန်တီးနိုင်တဲ့အရောင်များဖြစ်ပါတယ်။ ထိုအရောင်များက ယဥ်ကျေးမှုနှင့် သဘာဝအလင်း‌ရောင်၊ လတ်ဆတ်သောလေနှင့် ကမ္ဘာမြေကြီးရဲ့နူးညံ့မှုများကို ရောယှက်ထားတဲ့ခံစားမှုမျိုးပေးစွမ်းနိုင်ပါတယ်။ သင့်အားလတ်ဆတ်သောလေကိုရှုရှိုက်ဖို့ နေရာလေးတစ်ခု ဖန်တီးပေးပါလိမ့်မယ်။

သင်၏စိတ်ကြိုက်ကိုယ်ပိုင်အရောင်ကိုဖန်တီးပါ

ကာလာကဒ်ကိုအသုံးပြုပြီး သင့်စိတ်ကြိုက်အရောင်ကိုဖန်တီးပါ။
Jotun Interior Colour Centre

Jotun Interior Colour Centre

ကျွန်ုပ်တို့၏ ဂျိုတန်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် Jotun Interior Color Centre များကိုတွေ့ရှိနိုင်ပါသည်။ ထိုမှတဆင့် အိမ်အတွင်းပိုင်းနံရံများကိုအလှဆင်ရန် အရောင်များကို အသေးစိတ်ရွေးချယ်မှုများပြုလုပ်နိုင်ရန် ဂျိုတန်မှ အရောင်ပိုင်းဆိုင်ရာကျွမ်းကျင်သူများမှ အထူးထုတ်လုပ်ထားသည့် ၁၂၈ မျိုးသောအရောင်များကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

အရောင်များကြည့်ရန်
jotun.com

Are you a professional?