Home Living 2017

‌နော်ဒစ်စတိုင်လူနေမှုဘဝ

အွန်လိုင်းပေါ်မှခရီးသွားခြင်း သို့မဟုတ် လူကိုယ်တိုင်ခရီးသွားခြင်းဖြင့် ကျွန်ုပ်တို့ရဲ့စိတ်ကို စဥ်ဆက်မပြတ်တွန်းအားများနှင့် စိတ်ကူးဥာဏ်စွမ်းအားများ ပိုမိုရရှိစေပါတယ်။ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသူများကဲ့သို့ပင် ကျွန်ုပ်တို့သည် သဘာဝကြီး၌ရှင်သန်နေထိုင်ရန် ခရီးသွားလာကြရပါတယ်။ ရိုးရှင်းတဲ့နော်ဒစ်စတိုင်လူနေမှုဘဝကဲ့သို့ အေးဆေးတည်ငြိမ်ပြီး နူးညံ့သောအငွေ့အသက်များ သင့်နေအိမ်တွင် ထင်ဟပ်နေစေနိုင်ပါတယ်။

မြို့ပြလူနေမှုဘဝ

တိုကျို၊ ဆန်ဖရန်စစ်စကို နှင့် အခြားသောမြို့ကြီးများသည် ဖန်တီးနိုင်စွမ်းနှင့် ဒီဇိုင်းပိုင်းတွင် နာမည်ကြီးနေရာများဖြစ်ပါတယ်။ ကျွန်ုပ်တို့နေအိမ်ထံသို့ ထိုကဲ့သို့ဖန်တီးမှုများ ဆောင်ယူခြင်းဖြင့် လက်တွေ့ဘဝနှင့် ဒစ်ဂျစ်တယ်ကမ္ဘာ အနဲငယ်သီးခြားဖြစ်တည်နေတဲ့ ကျွန်ုပ်တို့ရဲ့ ခေတ်မှီလူနေမှုဘဝထံသို့ အေးဆေးတည်ငြိမ်သည့် စွမ်းအင်များကို ရရှိစေနိုင်ပါတယ်။ အွန်လိုင်းမှဝယ်ယူထားတဲ့ ခေတ်မှီဒီဇိုင်း မီးအိမ်နှင့် ပြည်တွင်းလုပ်ပရိဘောဂများကို ရောစပ်ပြီး ဒီဇိုင်းအလှဆင်ခြင်းဖြင့် ကျွန်ုပ်တို့နေအိမ်ကို ထူးခြားပြီး စွဲမက်ဖွယ်လှပနေစေမှာဖြစ်ပါတယ်။

ဥရောပစတိုင် လူနေမှုဘဝ

အိမ်သည်ကမ္ဘာတလွှားမှ အမှတ်တရများနှင့် ရတနာများဖြင့် ဖွဲ့စည်းထားသော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ထိုအရာများ ပေါင်းစည်းဖြစ်တည်ပြီး ကျွန်ုပ်တို့၏ပတ်ဝန်းကျင်မှာ သင်္ကေတအမှတ်အသားအဖြစ် တင်ဟပ်နေစေပါတယ်။ နံရံရဲ့အရောင်ကို ခမ်းနားမှုနှင့် အံ့အားသင့်စရာအသွင်အပြင်အဖြစ် မတူညီတဲ့အရသာများကို ရောနှောသည့်အခါ ကျွန်ုပ်တို့ရဲ့အိမ်ကို နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုများကို ဆောင်ယူလာနိုင်ပါတယ်။
Jotun Interior Colour Centre

Jotun Interior Colour Centre

ကျွန်ုပ်တို့၏ ဂျိုတန်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် Jotun Interior Color Centre များကိုတွေ့ရှိနိုင်ပါသည်။ ထိုမှတဆင့် အိမ်အတွင်းပိုင်းနံရံများကိုအလှဆင်ရန် အရောင်များကို အသေးစိတ်ရွေးချယ်မှုများပြုလုပ်နိုင်ရန် ဂျိုတန်မှ အရောင်ပိုင်းဆိုင်ရာကျွမ်းကျင်သူများမှ အထူးထုတ်လုပ်ထားသည့် ၁၂၈ မျိုးသောအရောင်များကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

အရောင်များကြည့်ရန်
jotun.com

Are you a professional?